Flat tire or blowout

အဝေးပြေးလမ်းတွေပေါ်မှာ မော်တော်ကားနဲ့မောင်းနှင်သွားလာနေစဥ် ရုတ်တရက်ကားဘီးပွင့်ခြင်း၊ ကားဘီးပေါက်ခြင်းသည် ယာဉ်မောင်းအပါအဝင် လိုက်ပါစီးနှင်းသူအားလုံးအတွက် အသက်အန္တရာယ်အများဆုံး မတော်တဆဖြစ်ရပ်များထဲက တစ်ခုဖြစ်ပါတယ်

  • ဒါကြောင့်...

•မော်တော်ကားဖြင့်မောင်းနှင်သွားလာနေစဥ် ရုတ်တရက် ကားဘီးပွင့်ခဲ့၊ပေါက်ခဲ့ပါက ဆောင်ရန်ရှောင်ရန် အောက်ပါအချက်(5)ချက်ကို အကြံပြုအပ်ပါတယ်

(1)စိတ်ကိုတည်ငြိမ်အောင်ထားပါ

-----------------------------------

•စိတ်လှုပ်ရှားထိတ်လန့်နေတဲ့အခါ ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်တာမို့ ကားမောင်းနေရင်း ရုတ်တရက် ဘီးပေါက်သွားတဲ့အခါ​ ပထမဆုံးအနေနဲ့ အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပါ

(2)ဘရိတ်ကိုလုံးဝ မနင်းပါနဲ့

-------------------------------

•ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ်မှာ ရုတ်တရက်ဘရိတ်အုပ်ခြင်းသည် ကားကိုပိုမို၍ ထိန်းရခက်စေပြီး ကားကိုတဘက်သို့ ဆွဲချသွားစေနိုင်ပါတယ်

(3)လီဗာကို ချက်ချင်းမလွှတ်ပါနဲ့

-----------------------------------

•ကားတာယာပွင့်စဉ် မိမိနင်းထားတဲ့ လီဗာကို ရုတ်တရက်မလွှတ်ဘဲ ဖြေးညင်းစွာလျှော့ချပြီးလီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်းဆက်နင်းထားပြီးမှ ဖြည်းဖြည်းချင်း လျှော့ချပါ

•ပွင့်နေသော တာယာခွေရဲ့ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့လာပါလိမ့်မယ်

(4)ကားကိုရှေ့တည့်တည့်သွားရန် ကြိုးစားထိန်းပါ

--------------------------------------------------

•ကားဘီး​ပွင့်ခြင်း၊ပေါက်ခြင်းသည် သင့်ကား၏ တည်ငြိမ်မှုကို အပြင်းထန်ဆုံးထိခိုက်မည်ဖြစ်ရာ သင့်ကားကို ဝဲ/ယာသို့ ဆွဲချမှာဖြစ်ပါတယ်

•ဝဲ သို့ဆွဲလျှင် ယာ ဘက်သို့ စတီယာရင် ချိုးချပြီး ယာ သို့ဆွဲလျှင် ဝဲ ဘက်သို ချိုးချပါ

(5)ကားအရှိန်လျော့လာပါက ဘေးကင်းရာမှာရပ်ပါ

----------------------------------------------------

•အထက်ပါအတိုင်းကားကို ထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိနိုင်​အောင် ကြိုးစားပြီး ကားကိုထိန်းချုပ်လို့ရပြီဆိုရင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ (Auto Gear ဆိုလျှင် 2/L သို့ ပြောင်းဆွဲပါ)

•ထို့နောက် အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးဘက်မြေသားပေါ်သို့ဆင်းပြီး ဘရိတ်ကိုငြင်သာစွာနင်း၍ ယာဥ်ကိုရပ်ပါ...

Image removed.